Tuesday, November 24, 2009

အရမ်းချစ်ခဲ့ရပါတယ်....

မိုးတွေကလည်း အရမ်းရွာတယ်..
အသည်းကလည်း အရမ်းနာတယ်..
နှလုံးသားက သွေးခြေဥခဲ့တာ
မိုးနဲ့ မျက်ရည် အပြိုင်သွန်းတဲ့ အဲဒီ့နေ့ကပေါ့..
လောကက မာယာများတယ်..
အချစ်က ညာတာ များတယ်တဲ့
ရင်ခွင်ထဲမှာ အိပ်လှည့်တော့
ချစ်သူလို့ ပြောခဲ့တာ အဲဒီ့ညကပေါ့..
အခုတော့ ခရမ်းရင့်ရောင်
အလွမ်းတွေသာ အသည်းမှာ သံမှိုဆွဲခဲ့သလို
ကိုယ့်ရင်မှာ ထင်ကျန်ရစ်ပြီမို့...
မေ့ရက်သူ မောင် တစ်ယောက်ကိုဖြင့်
ခုထက်ထိ မေ့မရသေးတာက
လောကကြီးရေ... မာယာမသုံးဘဲ
ညာခဲ့တဲ့ ကိုယ့်ရင်ထဲက စကားလေးကို
သက်သေလုပ်ပေးပါ
"အရမ်းချစ်ခဲ့ရပါတယ်...."

No comments:

Post a Comment