Saturday, November 28, 2009

စောင့်မျှော်သူ...


ရင်မှာဖြစ်အင်း
ငါ့ချစ်ခြင်းကို

ရင်မှာဖြစ်တည်
ငါ့သံယောဇဉ်ကို

ဘယ်အရာနှင့်မျှ
တိုင်းတာမရ
မင်းထင်သလို
အတုအယောင်

ချစ်ခြင်းမေတ္တာ
ငါမထားခဲ့

အစစ်အမှန်
ငါ့ဖြစ်မှန်ကို

ငါကိုယ်သာသိအမှန်ဆုံးမို့
မင်းမုန်းခဲ့လည်းငါကျေနပ်တယ်
မှန်ကန်သစ္စာ
မင်းသိခဲ့လျှင်

တစ်နေ့နေ့ဝယ်
ငါ့ဆီအရောက်..

မင်းပြန်လျှောက်မယ်လို့
ငါမျှော်လင့်နေခဲ့တယ်... 

No comments:

Post a Comment