Thursday, November 26, 2009

တစ်ပွင့်ပန်း

ရာသီမရှိ့
နာရီမသိတဲ့  အချစ်ရဲ့ပန်း
ငါ့ရင်ကျွမ်းလုပြီပေါ့........

မနမ်းဝံ့ဘူး
အလှမ်းခက်ရသူမို့ 
မကြွေမနွမ်း
ငါလွမ်းခဲ့ရသူပေါ့........

မင်းအပြုံးတချက်
အိပ်မတ်ထဲထိ တပ်မတ်လို့ 
ရင်မှာဝေဒနာ
ငါမဖြေသာဘူးကလေး.......

ဒီလိုနဲ့ တစ်ညပြီးတစ်ည
တဖတ်သက်ဘ၀နဲ့ 
မိုးလင်းတဲ့ညပေါင်း
ငါစာရင်းပေါင်းကြည့်အုံးမယ်.....

ချစ်တယ်ဆိုတဲ့စကား
မင်းနားဖျားမှာ မခါးရအောင်
အကြည့်တချက်
လျှပ်တပျတ်အတွင်းမှာ
ငါ့ခံစားချက်တွေကို
ဖွေရှာပါလါးကလေး....
စာနာပါလား ကလေးရယ်........

No comments:

Post a Comment