Tuesday, November 24, 2009

ခြားနားခြင်း

ပင်လယ်နဲ့ ကမ်းစပ်ကြားမှာ
လှိုင်းတစ်ချက်ပဲ ခြားတယ်...
သိခြင်းနဲ့ မသိခြင်းကြားမှာ
လေ့လာမှုပဲ ခြားတယ်...
ချစ်ခြင်းနဲ့ အမုန်းကြားမှာ 
အချိန်တစ်ခုပဲ ခြားတယ်...
လရောင်နဲ့ အမှောင်တစ်ခုကြားမှာ
အရိပ်တစ်ခုပဲ ခြားတယ်...
ရိုးသားခြင်းနဲ့ ဆန်းပြားခြင်းကြားမှာ
ဆန္ဒတစ်ခုပဲ ခြားတယ်...
မင်းနဲ့ တို့ကြားမှာ
အချစ်တစ်ခုပဲ ခြားတယ်...

No comments:

Post a Comment