Wednesday, November 18, 2009

အစ နှင့် အဆုံး..

အချစ်ကိုငါ
မသိခင်က
လှောင်လို့ပျော်လို့
ကောင်းခဲ့တယ်....။

ကိုယ်တိုင်ကြုံမှ
သိခဲ့ရတယ်
သိပ်ချစ်လွန်းလို့
ရူးခဲ့တယ်.........။

ရူးနေတဲ့ငါ
ဇွတ်ဝင်ရောတော့
သူ့အမုန်းပဲ
ရခဲ့တယ်..........။

ဒါလည်းမမှတ်
ထပ်ပတ်သက်တော့
အသည်းဟတ်တက်
ကွဲခဲ့တယ်.........။

ချစ်အဆိပ်တတ်
လွမ်းနှိပ်စက်လို့
ငါ့ က မ္ဘာလည်း
ပြိုခဲ့တယ်.........။

အသည်းအသက်
ငါ့အိပ်မက်လည်း
သံပါတ်ကုန်လို့
ရပ်ခဲ့တယ်............။

ချစ်သူအမုန်း
တစ်သက်လုံးကို
မြတ်မြတ်နိုးနိုး
....................
....................
........သိမ်းထားမယ်...။

No comments:

Post a Comment