Tuesday, November 24, 2009

ထာဝရအတိတ်

ပခုံးချင်းတိုက်မိတိုင်း သိကျွမ်းကြတာ မဟုတ်ပါဘူး……..
သိကျွမ်းပြီးရင်လဲ လူတိုင်းကို သတိရတာမဟုတ်ပါဘူး….
ဒီဘ၀မှာ ဒီနေရာလေးမှာ တွေ့ခွင့်ရခဲ့လို့ပေါ့…..
မင်းငါ့ကို ပျော်ရွှင်မှု၊ ကြည်နူးမှုတွေပေးခဲ့တယ်…..
တချိန်တည်းမှာလဲ ပူဆွေး ၀မ်းနည်းမှုတွေ ပေးခဲ့တယ်…
မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေလဲ မင်းပေးတယ်…
ငါဟာ ငါဘယ်သူပါဆိုတာကို မေ့သွားတဲ့အထိ ရင်ခုန်သံတွေကြားမှာ နစ်မြှပ်နေခဲ့တယ်….
ဒီရင်ခုန်သံက ဆက်မကြာရှည်နိုင်တော့ဘူး
ငါမင်းကို စောင့်စားဖို့မျှော်လင့်ချက်တွေကို မင်းရက်ရက်စက်စက် မင်းရိုက်ချိုးရက်တယ်…
ငါ့ကို ပျော်ရွှင်မှုပေးနိုင်တဲ့ သူသာလျှင် ငါ့ကို နာကျင်စေတာပါလား…..
မင်းရဲ့အသံတွေကို ငါမကြားရတော့ဘူး
ငါ့လက်ကို နွေးထွေးစွာ လာဆုပ်ကိုင်မဲ့ မင်းမရှိတော့ဘူး…
အချစ်တိုင်းဟာ မလှပပါဘူး…. အတိတ်တွေတိုင်းကလဲ အားလုံး ကြည်နူးစရာတွေမဟုတ်ပါဘူး…..
ငါတို့ အိုအောင်မင်းအောင်ပေါင်းမယ်ဆိုတာ မဖြစ်နိုင်တော့ပါလား
မင်းကို ချစ်ဖို့ စွန့်လွတ်ဖို့ မလွယ်ကူးပါလား
မင်းပြောတဲ့ ငါ့ကိုချစ်ပါတယ် ဆိုတာ တချိန်တုန်းက မင်းပြောခဲ့တယ်…..မင်းနုတ်ကနေထွက်တာ လွယ်ကူခဲ့ပေမဲ့ ငါမှာတော့ ငါ့ရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ ရင်းပြီးချစ်နေတာပါ……
မင်းသာငါ့ကို အချစ်စစ်နဲ့ ချစ်ခဲ့မယ်ဆိုရင် ငါကျေနပ်ပါတယ်…..
မင်းငိုရင် ငါလိုက်ငိုမယ်
မင်းမပျော်ရင် ငါကမင်းရဲ့ လူရွှင်တော်ပေါ့
မင်းအထီးကျန်နေရင် ငါအဖော်လုပ်ပေးမယ်
မင်းဝမ်းနည်းနေရင် ငါဖြည့်ဆည်းပေးမယ်
မင်းငါ့ကို အိပ်မက်မက်မိရင် ငါမင်းကို သတိရနေလို့ပါ….
မင်းငါ့ကို အများကြီးပေးဖို့ ငါမတောင်းဆိုပါဘူး
မင်းငါ့အတွက် ဆိုပြီး ကျိန်တာတွေမလိုချင်ပါဘူး
ငါတို့ရဲ့အတိတ်တွေကို မင်းမှတ်မိဖို့မလိုပါဘူး
မင်းကို သိပ်ချစ်တဲ့ ငါရှိတယ်ဆိုတာ မင်းသိရင် လုံလောက်ပါတယ်…
မင်းကို ပြုံးစေခဲ့တဲ့ နွေးထွေးမှုကို ပေးပြီး အချစ်အားလုံးနဲ့ ချစ်ခဲ့တဲ့ငါ့ကို….
ဒါဆိုရင် လုံလောက်ပါပြီ…..

No comments:

Post a Comment