တစ်ချိန်ချိန်မှာ ပြန်လာခဲ့မယ်တဲ့ ..။
သူပြောခဲ့တဲ့စကား ကျွန်တော့်နားမှာ
အခုထက်တိုင် ဂယက်ရိုက်တုန်းပဲ ။
ဘေးဘယ်ညာ မြတ်ခင်းစိမ်းလေး
သူပုန်းနေမလားလို့ သံသယမျက်ဝန်းလေးတွေနဲ့
ကျွန်တော်ရှာမိသေးတယ်။
လေပြေတိုးတာတောင် သူခေါ်လေသလားလို့
ကျွန်တော်နားတို့ အယောင်ယောင်အမှားမှား။
ဘယ်နေရာကများ ထွက်လာမလဲ
စောင့်မျှော်မိနေပါသေးတယ် ။
မဖြစ်နိုင်တော့တာကို ဖြစ်နိုင်လားမလားရယ်လို့
သန်းခေါင်ယံထက် ညဉ့်နက်ခဲ့ရပါပြီကော။
အရင်တိုင်းပါပဲ ........။
သူမပြောင်းလဲဘူး တိတ်ဆိတ်ငြိမ်သတ်စွာနဲ့ပဲ
ကျွန်တော့်ကို ကြည့်နေတယ်။
ငြိမ်ချမ်းစွာ လဲလျောင်းနေတဲ့သူ့ခမျာ
သစ်ရွက်တွေသာ သူ့အဖေါ်တွေပဲလေ။
တယောသံသာသာကို သူမကြားနိုင်တော့
တယောထိုးဖို့ ခွန်အားတွေလည်း
ကျွန်တော့်မှာ မရှိတော့ ။
သေဆုံးသွားခဲ့သော ကျွန်တော့်နှလုံးသားနှင့်
ပျောက်ဆုံးသွားခဲ့သော အိပ်မက်ရှင်ဟာ
ဘယ်ဘ၀မှာများ တထပ်တည်းကျနိုင်ပါ့မလဲ။
ရောက်လေရာ မျက်နှာ ရှိလေရာနှလုံးသားတစ်စုံနဲ့
ဖြစ်လေရာ စာမျက်နှာတိုင်းမှာ သူ့အား
ကျွန်တော့်ရင်ကိုခွဲ အသည်းကိုဆွဲထုတ်
ကဗျာတစ်ပုဒ်နဲ့ မြတ်နိုး နေပါဦးမည် ......။ ။ ။ ။
Saturday, November 28, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment