Saturday, November 7, 2009

အချစ် (သို့) ဘ၀ရဲ့ အလင်း

အချစ်ဆိုတဲ့ ခက်ခဲတဲ့ ဘာသာရပ်
အထာမနှပ်ဘဲ သင်ယူချင်မိတဲ့ ငါ့ကို
အပြစ်မယူနဲ့ ချစ်သူ . . . ။
အစကိုက မလှပတဲ့ ငါ့ဘ၀က
နွေညတစ်ည ကြွေကျခဲ့
အလင်းပျောက်ကြယ်ပါ . . . ။

မှောင်မိုက်လို့ အေးချမ်းတဲ့
ငါ့ဘ၀ညတွေမှာ
အလင်းရောင်ပေးတဲ့
လမင်းကလေး မင်းဖြစ်ရင်
တစ်ခြမ်းပဲ လင်းစေဦးတော့
ကျေနပ်မယ် . . . ။

No comments:

Post a Comment