Saturday, November 28, 2009

လွမ်းဖို့ ချစ်ခဲ့တာလား...


သက်ပြင်းတစ်ချက် ရှိုက်လိုက်တိုင်း
ငါ့ရင်ထဲ.......................ပိုပီပြင်လာတယ်
အရမ်းပဲချစ်နေပြိ...............။

လူတွေကလဲ သူ့ခံစားချက်နဲ့သူ
ကျွန်တော်ကလဲ ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော်
မျက်လုံးကိုစုံမှိတ် မင်းနာမည်ကိုရေရွတ်
ငါ့ရင်ထဲကြည်နူးခြင်းနဲ့ ပြည့်ကျပ်နေခဲ့ပြီ။

ဘာလို့ အဲလောက်ချစ်ရတာလဲ
ငါ့ကိုယ်ငါတောင်မသိတော့ဘူး......။
ပန်းတစ်ပွင့်ကို နွမ်းလို့ပစ်ဖူးပေမယ့်
လူတစ်ယောက်ကို လွမ်းဖို့ဘယ်သူချစ်ဖူးပါသလဲ။


ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့
အချစ်စိတ်...........။
အရမ်းပဲထူးဆန်းလွန်းပါတယ်ဗျာ...။

နက်ရှိုင်းစွာ ချစ်ခဲ့မိတဲ့
နှလုံးသားတစ်စုံမှာ...မင်းနာမည်ကိုရေးထိုး
ဆေးရည်းစိမ်ပြီး သိမ်းထားချင်တယ်......။

No comments:

Post a Comment