Wednesday, November 18, 2009

အချစ်ရဲ့ ဒဏ်ချက်...

အချစ်မှာနောင်တဆိုတာ
အစိတ်အပိုင်းတစ်ခုအဖြစ် အရေးပါရင်
ဒါဟာ နောင်တတစ်ခုဖြစ်မှာပါ။
ချစ်သူမင်းက အချစ်တွေပေးချိန်မှာ
ငါဟန်ဆောင်ခြင်းကို သောက်သုံးလို့
ရက်စက်စွာပဲ အေးစက်နေခဲ့တယ်။
မင်းနဲ့ငါကြား အလွမ်းမြစ်ကလေး ခြားခဲ့ချိန်ပေါ့
ငါ့နှလုံးသားမှာ နောင်တဆိုတဲ့ လှိုင်းတစ်ခု
ရိုက်ခတ်ခဲ့ပြီ။
ဟန်ဆောင်ခြင်းရဲ့ ဝေဒနာကို မျိုချ
နှလုံးသားနဲ့ ဦးနှောက်အနိုင်အရှုံးမှာ
ငါရရှိခဲ့တာ ကြေကွဲခြင်းတွေ
ဘာပဲဖြစ်ဖြစ်လေ ကျေနပ်မိပါတယ်
ငါ့ဘဝ တစ်ခုလုံး စတေးလို့
နှလုံးသားတစ်ခုလုံးတောင် တစ်စစီကြွေသွားခဲ့
တမ်းတခြင်းဆိုတာ ချောက်ကမ်းပါးတစ်ခုလိုပေါ့
မင်းရဲ့ ဒဏ်ခတ်မှုမပါပဲ ရလိုက်တဲ့
ဒဏ်ချက်တွေပေါ့ ချစ်သူ...... 

No comments:

Post a Comment