Wednesday, November 18, 2009

စောင့်မျှော်နေမှာပါ ချစ်သူ...

လေပြည်လေးတွေ တိုက်ခတ်နေချိန်
ပူဆွေးမှုကိုခံစားရတဲ့
ငါ့ရင်ထဲကဖြစ်ရပ်တွေကို
မင်းမြင်နိုင်မှာလားချစ်သူ
အတိတ်ကအကြောင်းတွေ ပြန်တွေးတိုင်း
ငိုကြွေးရင်းကျခဲ့ရတဲ့မျက်ရည်တွေရဲ့
ခံစားမှုကိုရောမင်းသိမှာလား
ရာသီတွေအလီလီပြောင်းပေမယ့်
ငါရင်ထဲမှာအချစ်တွေကတော့
ပြောင်းလဲမှာမဟုတ်ဘူး
ထာဝရမင်းအတွက်
ဖွင့်ဟထားတဲ့ဒီရင်ခွင်ထဲကို
ခိုဝင်လာမယ့် အချိန်ကိုသာ
ကြည်နူးစရာ
ပုံရိပ်လေးတွေအဖြစ်ပုံဖော်ရင်း
စောင့်မျှော်နေမှာပါချစ်သူ

No comments:

Post a Comment