Sunday, November 8, 2009

ကုသနိုင်သော ရောဂါ

အလွန်စိတ်ပျက်စရာကောင်းသည့် အအေးမိသောရောဂါခံစားနေရသော လူတစ်ယောက်သည် သက်သာပျောက်ကင်းအောင် ကုသပေးရန် သူ၏ဆရာဝန်ကို အနူးအညွတ်တောင်းပန်သည်။ ဆရာဝန်က သောက်ရမည့် ဆေးကို ညွှန်ကြား၏။ သို့သော် တစ်ပတ်ကြာပြီးနောက် သူသည် နေမကောင်းဖြစ်နေဆဲပင်။ ထို့ကြောင့် ဆရာဝန်က သူ့ကို ဆေးထိုးပေး၏။ သို့သော် ထိုသို့ ပြုလုပ်ပေးခြင်းသည်လည်း သူ့အခြေအနေကို ကောင်းအောင် အကူအညီမရပေ။
“အိုကေ၊ ကျွန်တော်ပြောတဲ့အတိုင်း ခင်ဗျားလိုက်လုပ်စေချင်တယ်” ဟု တတိယအကြိမ်လာပြရာတွင် ဆရာဝန်က ပြောသည်။
“အိမ်ပြန်ပြီး ရေနွေးပူပူနဲ့ ရေချိုး။ အဲဒီ့နောက်မှာ ပြတင်းပေါက်တွေ အားလုံးဖွင့်ထားပြီး လေညင်းခံ ရပ်နေလိုက်”
“ဒါဆို ကျွန်တော် အဆုတ်ရောင် ရောဂါရသွားမှာပေါ့..” ဟု လူနာက သဘောမတူကြောင်း ပြော၏။
“ကျွန်တော်သိတယ်။ အဲဒါကို ကျုပ်ကုနိုင်တယ်ဗျ” ဟု ဆရာဝန်က ပြန်ပြောလေ၏။

No comments:

Post a Comment