Wednesday, November 18, 2009

ငါကျေနပ်တယ်

ငါချစ်သလောက်..
မင်းပြန်မချစ်ရင်တောင်
ငါအချစ်ကို အသိမှတ်ပြုရင်
ငါကျေနပ်တယ်...
ငါပေးဆပ်သလောက်..
မင်းပြန်မပေးဆပ်ရင်တောင်
ငါပေးဆပ်မှု့ကို နားလည်ရင်
ငါကျေနပ်တယ်...
ငါသစ္စာရှိသလောက်..
မင်းပြန်သစ္စာမရှိတောင်
ငါသစ္စာကို မစော်ကားရင်
ငါကျေနပ်တယ်...
ဒါမပမဲ့
ငါအချစ်က..
မင်းအတွက် အရာမတွင်
အသုံးမဝင်ရင်တောင်
ငါ..မင်းကိုချစ်နေရရင်..
ငါကျေနပ်တယ်..

1 comment:

  1. ​ပေးဆပ်​တဲ့ချစ်​ခြင်းဆိုတာ
    ဒါမျိုးလားမသိဘူး​နော်

    ReplyDelete