Tuesday, November 24, 2009

ခဏမှ ထာဝရသို့...

မြင်မြင်ခြင်းမှာ
ချစ်ခြင်းမေတ္တာ
သက်ဝင်သွားတာ
ဘဝပါရမီလားကွယ်....။
 
ခဏဆိုတာကိုမေ့ပြီး
ထာဝရချစ်ခြင်း
ရင်တွင်းဖြစ်တည်
ယုံကြည်စေချင်တယ်...။
 
မဖြစ်နိုင်ဘူးဆိုတာ
မရှိတာသေချာခဲ့ရင်
မဖြစ်သေးတဲ့
ကိုယ်တို့ရဲ့အိမ်ထောင်ရေး
ခိုင် တကယ်လေးနက်ခဲ့ရင်...။
 
 ဝေးခြင်းခဏ
မဆွေးရအောင်
ကိုယ်တို့တကယ်...
လက်ထပ်ကြမယ်နော်...။

No comments:

Post a Comment