Wednesday, November 18, 2009

ဆုမွန်ကောင်း...

ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းခဲ့ပြီ
မင်းမရှိတဲ့အချိန်က စလို့

ကြင်နာမှုတွေ ဆုံးရှုံးခဲ့ပြီ
မင်းမရှိတဲ့အချိန်က စလို့

မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ပြီ
မင်းမရှိတဲ့အချိန်က စလို့

ဒဏ်ရာတွေ ဗလပွ
နှလုံးသားတစ်ခု စတင်ခဲ့ပြီ

ချစ်သူရေ
မင်းအတွက် ကောင်းမွန်တဲ့ဘုံတစ်ခု
စတင်ပါစေလို့ ဆုတောင်းမှုတစ်ခု စတင်ခဲ့ပြီ

No comments:

Post a Comment