Thursday, December 3, 2009

အချစ်စစ် မှန်ရင်...

အလွမ်းတွေကိုသီကုံး
ရေးစပ်ထားတဲ့ ငါ့ကဗျာ
တွေ့ ရမယ်လို့  ထင်ခဲ့ပြီးမှ 
ဝေးခဲ့ရတဲ့  ငါ့ကြမ္မာ....

တစ်ယောက်တစ်နယ်စီ
ဝေးခဲ့ပေမယ့်
မပျောက်ပျက်တဲ့ ငါ့မေတ္တာ....

အချစ်စစ်မှန်ရင်
တစ်ချိန်ချိန်မှာ
ပြန်တွေ့ မယ်လို့ 
နှလုံးသားက
မျှော်နေမိတယ်...

ပညာရှာတဲ့အချိန်မှာ
ငါတို့ နှစ်ယောက်ဝေးခဲ့ပေမယ့်
ကျောင်းပြီးရင်တော့
ပေါင်းစည်းဖို့ ရာ
ငါ့ရင်ခွင်စီ
ပြန်လာခဲ့ပါ  ချစ်သူ....

No comments:

Post a Comment