Tuesday, December 8, 2009

ပထမရဲ့ ဒုတိယရင်ခွင်

ပျော်ရွှင်ပါစေသုငယ်ချင်း....
ဒီသံသရာမှာ မင်းရယ်ငါရယ်
ရေစက်ဆုံလို့ ဖြစ်တည်ခဲ့တဲ့ ဖြူစင်မေတ္တာ...
အေးချမ်းမေတ္တာ ဒီတရားကို
ဘယ်လို့အကြောင်းကြောင့် မပျက်စတမ်းလို့
ခိုင်မာစေရန် ငါဘက်ကတော့
ကတိပြုပါတယ် သူငယ်ချင်း
အမှတ်တမဲ့ အပြုတချက်ကြောင့်
နာကျင်ခဲ့သော်...
အတူပျော်ရွှင် နေ့ရက်တွေကို
တမ်းတမျှော်မှန်းအောက်မေ့လို့
နာကျင်တာကိုကြင်နာမူနဲ့
ဖြေဖျောက်လိုက်မယ်..
သူငယ်ချင်း....................
....
မင်းလဲငါလို တူညီစိတ်ထား
ထားကာရှိလို့ ငါရဲ့အပြုအပြော
နေထိုင်မူကြောင့် မင်းရဲ့ရင်မှာ
ထိခိုက်မူကို ဖြေဖျောက်ကာလေ
ငါအပေါ်ဝယ်ခွင့်လွှတ်စေချင်
တွေဆုံကြုံကွဲ လောကတရားမို့
ငါတို့တတွေ ကွဲကွာခဲ့လဲ
ငါရဲ့ရင်မှာ အစဉ်နွေးလို့
မင်းကိုအမြဲသတိရမယ်............
......
ငါရဲ့ရင်နဲ့ မဆံ့နိုင်အောင်
လှိုက်လှိုက်လဲလဲ ဆန္ဒပြုမယ်.....
တသက်တာထာဝရ ပျော်ရွှင်ပါစေသူငယ်ချင်း.......
...

No comments:

Post a Comment