Thursday, December 3, 2009

မျှော်လင့်ချက် ရောင်ခြည်...

ချစ်လှစွာသောသူငယ်ချင်းရယ်
သူငယ်ချင်းအဖြစ်ကနေ
ချစ်လွန်းလို့ဖွင့်ပြောမိတာကို
နင်စိတ်များဆိုးသွားသလား
ဒါမှမဟုတ်
ငါ့ကိုများရှောင်သွားလား
ငါကတော့
မျှော်လင့်ချက်များစွာနဲ့
ကျောင်းကိုလာခဲ့တယ်
နင့်ကိုချစ်တဲ့
ငါ့အချစ်တွေနဲ့ပေါ့
ကြားလိုက်ရတယ်
နင်ကျောင်းပြောင်းတော့မယ်တဲ့
ငါ့ရင်တွေဗလောင်ဆူလို့
နာကျင်စွာနဲ့ခေါင်းငိုက်စိုက်ပေါ့
ငါ့ရဲ့မျှော်လင့်ချက်ရောင်ခြည်ရေ....
နင်မရှိတဲ့နေရာတစ်ခုမှာ
ဘ၀ကိုလျှောက်လှမ်းဖို့
အားဆေးလေးအဖြစ်
နင့်ဆီကသေချာတဲ့စကားလေးဖြစ်ဖြစ်
ပြန်လာမယ့်အသံလေးဖြစ်ဖြစ်
ကြားပါရစေချစ်ရသူရယ်......

No comments:

Post a Comment