ဘယ်လိုပဲဖြစ်ဖြစ်
Saturday, November 28, 2009
To My Friends Who Are Away...
ဘယ်လိုပဲဖြစ်ဖြစ်
ပြန်လာခဲ့မယ်တဲ့...
သူပြောခဲ့တဲ့စကား ကျွန်တော့်နားမှာ
အခုထက်တိုင် ဂယက်ရိုက်တုန်းပဲ ။
ဘေးဘယ်ညာ မြတ်ခင်းစိမ်းလေး
သူပုန်းနေမလားလို့ သံသယမျက်ဝန်းလေးတွေနဲ့
ကျွန်တော်ရှာမိသေးတယ်။
လေပြေတိုးတာတောင် သူခေါ်လေသလားလို့
ကျွန်တော်နားတို့ အယောင်ယောင်အမှားမှား။
ဘယ်နေရာကများ ထွက်လာမလဲ
စောင့်မျှော်မိနေပါသေးတယ် ။
မဖြစ်နိုင်တော့တာကို ဖြစ်နိုင်လားမလားရယ်လို့
သန်းခေါင်ယံထက် ညဉ့်နက်ခဲ့ရပါပြီကော။
အရင်တိုင်းပါပဲ ........။
သူမပြောင်းလဲဘူး တိတ်ဆိတ်ငြိမ်သတ်စွာနဲ့ပဲ
ကျွန်တော့်ကို ကြည့်နေတယ်။
ငြိမ်ချမ်းစွာ လဲလျောင်းနေတဲ့သူ့ခမျာ
သစ်ရွက်တွေသာ သူ့အဖေါ်တွေပဲလေ။
တယောသံသာသာကို သူမကြားနိုင်တော့
တယောထိုးဖို့ ခွန်အားတွေလည်း
ကျွန်တော့်မှာ မရှိတော့ ။
သေဆုံးသွားခဲ့သော ကျွန်တော့်နှလုံးသားနှင့်
ပျောက်ဆုံးသွားခဲ့သော အိပ်မက်ရှင်ဟာ
ဘယ်ဘ၀မှာများ တထပ်တည်းကျနိုင်ပါ့မလဲ။
ရောက်လေရာ မျက်နှာ ရှိလေရာနှလုံးသားတစ်စုံနဲ့
ဖြစ်လေရာ စာမျက်နှာတိုင်းမှာ သူ့အား
ကျွန်တော့်ရင်ကိုခွဲ အသည်းကိုဆွဲထုတ်
ကဗျာတစ်ပုဒ်နဲ့ မြတ်နိုး နေပါဦးမည် ......။ ။ ။ ။
ရင်တွင်းပန်းချီ...
သိပ်ချစ်တတ်တာ
ဒိုင်ယာရီလေး အသိဆုံး
ကိုယ်
မြတ်နိုးတတ်တာ
ကဗျာလေးတွေ အသိဆုံး
ကိုယ်
တွယ်တာတတ်တာ
နှလုံးသားလေး အသိဆုံး
ကိုယ်
ကြင်နာတတ်တာ
မျက်ဝန်းလေးတွေ အသိဆုံး
ကိုယ်
အရမ်းလွမ်းတာ
အိမ်မက်လေးတွေ အသိဆုံး
အင်း ....... ဘာပဲဖြစ်ဖြစ်
အရာရာ
ပေးဆပ်လိုက်လျောချင်ပါတယ်
လမ်းခွဲမျက်ရည်...
ငါ့ဘ၀လဲ အလင်းရောင်ပျောက်ရှခဲ့တာ
ကြာပြီပေါ့။
ပြန်မဆုံနိုင်တဲ့ လမ်းမပေါ်မှာ
မင်းနာမည်ကို တကြော်ကြော်
အော်ဟစ်နေခဲ့မိတယ်။
မျဉ်းပြိုင်နှစ်ကြောင်းလို
ဘယ်တော့မှမဆုံနိုင်မှန်း
သိခဲ့ပေမယ့်..
ဆုံနိုင်ခွင့်ကိုတမ်းတမိတာ
အမှားတစ်ခုကို ကျူးလွန်သလို
ဖြစ်နေလား။
ငါရူးတယ်လို့ ပြောကြပါစေ...
အဲဒီရူးသွပ်ခြင်းမှာပဲ
ပျော်ဝင်စီးဆင်းနေချင်တယ်.....
ကောင်မလေးရေ...
ငါငိုနေတယ်....
ချစ်တတ်သူတို့ရဲ့ နှလုံးသားမျိုးနဲ့
ငိုနေတာပါ....
လမ်းခွဲပိုးကောင်ရဲ့ တကျွီကျွီအော်သံ
ငါကြားနေရတယ်......ငါ့အတွက်တော့..
နိ မိတ် တစ် ခု လို ပါ ပဲ.....................။
လွမ်းဖို့ ချစ်ခဲ့တာလား...
ငါ့ရင်ထဲ.......................ပိုပီပြင်လာတယ်
အရမ်းပဲချစ်နေပြိ...............။
လူတွေကလဲ သူ့ခံစားချက်နဲ့သူ
ကျွန်တော်ကလဲ ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော်
မျက်လုံးကိုစုံမှိတ် မင်းနာမည်ကိုရေရွတ်
ငါ့ရင်ထဲကြည်နူးခြင်းနဲ့ ပြည့်ကျပ်နေခဲ့ပြီ။
ဘာလို့ အဲလောက်ချစ်ရတာလဲ
ငါ့ကိုယ်ငါတောင်မသိတော့ဘူး......။
ပန်းတစ်ပွင့်ကို နွမ်းလို့ပစ်ဖူးပေမယ့်
လူတစ်ယောက်ကို လွမ်းဖို့ဘယ်သူချစ်ဖူးပါသလဲ။
ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့
အချစ်စိတ်...........။
အရမ်းပဲထူးဆန်းလွန်းပါတယ်ဗျာ...။
နက်ရှိုင်းစွာ ချစ်ခဲ့မိတဲ့
နှလုံးသားတစ်စုံမှာ...မင်းနာမည်ကိုရေးထိုး
ဆေးရည်းစိမ်ပြီး သိမ်းထားချင်တယ်......။
နောက်ဆုံးရင်ခွင်...
မိုးတိမ်တွေရဲ့ ခေါ်ဆောင်ရာနောက်
ငါ့ရဲ့ ............စိတ်ကို မျောလွင့်ရင်း
အချစ်စစ်ကို.........လိုက်ရှာခဲ့တယ်။
လေပြေရဲ့ သယ်ဆောင်ရာနောက်
ငါ.........လိုက်ပါခဲ့တယ်။
ချစ်သူရဲ့ အငွေ့အသက်ကို လိုက်ရှာနေခဲ့တယ်။
တစ်ကမ္ဘာလုံး....။
မိုးရေတွေလို.....ငါ့ရဲ့စိတ်ကို
စီးမျောရင်းနဲ့............
ချစ်သူရှိရာ......ဒီရင်ခွင်မှာ
ကျောက်ချနေတော့မယ်................
အစိုင်အခဲအဖြစ်နဲ့ပေါ့.......(တစ်ဘ၀လုံး)။
နှင်းပွင့်တွေလို ငါ့မေတ္တာချစ်ခြင်းတရားက
မင်းအပေါ်မှာ တဖွဲဖွဲကျဆင်းနေတော့မှာပါ.....
သက်ထက်ဆုံးထိတိုင်.......လေ။
ခံစားချက်၏ စေရာ...
ဒဏ်ရာတွေရလည်းငါ့ကိုငါနစ်မွန်းတယ်လို့ 
မထင်ပါဘူး................
ယုံကြည်မူတွေရှိမလာလည်းခံစားချက်တွေ
မပြောင်းလဲခဲ့ဘူး
ကောင်းကင်ယံမှာကြယ်လေးတွေ
အိပ်စက်ခဲ့ရင်တောင်............
ငါ့နှလုံးသားကမင်းအတွက်အလန်းလေးလိုပဲ
အမြဲတမ်းသတိရနေတယ်လေ............
မြတ်နိုးတယ်ဆိုတာ............ချစ်လို့ ပါ.
ဒါဆိုငါလည်းမင်းကိုချစ်တယ်........
ခံစားချက်တွေတည့်မတ်စွာနဲ့ ငါ့ဆီရောက်လာခဲ့တယ်လေ
စိတ်စေရာကြောင့်မျောလွင့်ခဲ့ရဖူးတယ်.........
ခံစားချက်ကိုမသိခဲ့လို့ ပါ........
ရည်ရွယ်ထားလည်း.............
ငါကျရှုံးခဲ့ပါတယ်
ဘာလို့ လဲဆိုတော့ငါ့မှာခံစားချက်တွေရှိနေလို့ ပေါ့............
ဒါဆိုငါခံစားချက်အတိုင်းပဲလေလွင့်ရင့်.............
မင်းရဲ့ နှလုံးသားမှာထာဝရနေပါစေ..............
စောင့်မျှော်သူ...
ငါ့ချစ်ခြင်းကို
ရင်မှာဖြစ်တည်
ငါ့သံယောဇဉ်ကို
ဘယ်အရာနှင့်မျှ
တိုင်းတာမရ
မင်းထင်သလို
အတုအယောင်
ချစ်ခြင်းမေတ္တာ
ငါမထားခဲ့
အစစ်အမှန်
ငါ့ဖြစ်မှန်ကို
ငါကိုယ်သာသိအမှန်ဆုံးမို့
မင်းမုန်းခဲ့လည်းငါကျေနပ်တယ်
မှန်ကန်သစ္စာ
မင်းသိခဲ့လျှင်
တစ်နေ့နေ့ဝယ်
ငါ့ဆီအရောက်..
မင်းပြန်လျှောက်မယ်လို့
ငါမျှော်လင့်နေခဲ့တယ်...
Which is....
Love & Hate...
A Life Poem
Friday, November 27, 2009
မျက်နှာ
So Far Away...
Along the shore of a secluded bay,
Sun shining brightly upon our skin,
Healing our troubled souls within.,
Together we lay in God's ray of light,
Each secretly craving the dark of night,
To slowly dance naked in each other's arms,
Reveling in the moon's mystic charms.,
The water plays music only we can hear,
Silencing the sound of our falling tears;
Stars shine above leaving no where to hide,
From the rising of love's soothing tide,
That dares to drown our souls this night,
As we dance together beneath the silver moonlight.
My Wish
Smiles when sadness intrudes,
Rainbow to follow the clouds,
Sunset to warm yr heart,
Beauty for yr eyes to see,
Faith so that you can believe,
LOVE to complete your life.
မင်းရယ် ငါရယ်...
ဒီလိုညတွေကို....ငါကြောက်တယ်..
တစ်ယောက်တည်းပဲ...အခန်းထဲမှာ.....
အထီးကျန်လိုက်တာ....
အပြင်မှာလည်း...မိုးကသည်းတယ်....
ငါ့ရင်မှာလည်း.....မုန်တိုင်းကတိုက်တယ်..
ပြိုးခနဲလက်ခနဲ့...လျှပ်စစ်ရောင်တွေနဲ့....
ဒိန်းကနဲဆောင့်တက်လာတဲ့.....
ငါ့ရင်ခုန်သံ.....
ငါကိုယ်တိုင်တောင်.....တုန်လှုပ်မိတယ်...
ခွဲခွာရခြင်းကို....ဘယ်သူနှစ်ခြိုက်လည်း....
မင်းရော....????
ငါတော့ရူးတော့မယ်....
ကမ္ဘာကြီးက...ကျဉ်းကျဉ်းလေးတဲ့....
ငါတို့ဘာလို့..ဝေးနေကြတာလဲ......
တစ်ချက်လောက်တော့...စောင်းငဲ့ကြည့်ပေးပါ...
လောကကြီးရယ်...
ခွဲခွာခြင်း..သတိရခြင်း...လွမ်းဆွတ်ခြင်းတွေနဲ့....
မွန်းကျပ်နေသူ...တစ်ယောက်ကို...
ဆုံတွေ့ခွင့်လေးနဲ့...
အသက်ရှုခွင့်ပေးပါကွာ.......
Thursday, November 26, 2009
အရိပ်လေး... သို့
တွေ့ပြီ...
ညာနေတာမဟုတ်
သေချာတဲ့ ဘ၀ရဲ့ လက်တွဲဖော်
အတူတွဲ လို့ ပျော်ချင်ရဲ့ ..........
တွေ့ ပြီ......
ကြည်လဲ့လဲ့ မျတ်ဝန်း
ဘယ်သူမှမတိုက်တွန်းပဲ
ကြည့်မိတဲ့မျတ်လုံးကို
အမုန်းတော့မပေးလိုက်ပါနဲ့ ....
တွေ့ ပြီ......
နှလုံးသားရဲ့ အသိ
ဦးနှောက်နဲ့  ငြိတော့
ရူးမိမှာတောင်စိုးပါတယ်
တကယ်ပါ......
လာကြည့်လိုက်ပါ
ညာမိတာရှိ့ရင်
အကြင်နာဟူသမျှ
လွမ်းမိချည်ရဲ့ .......
တစ်ပွင့်ပန်း
နာရီမသိတဲ့ အချစ်ရဲ့ပန်း
ငါ့ရင်ကျွမ်းလုပြီပေါ့........
မနမ်းဝံ့ဘူး
အလှမ်းခက်ရသူမို့ 
မကြွေမနွမ်း
ငါလွမ်းခဲ့ရသူပေါ့........
မင်းအပြုံးတချက်
အိပ်မတ်ထဲထိ တပ်မတ်လို့ 
ရင်မှာဝေဒနာ
ငါမဖြေသာဘူးကလေး.......
ဒီလိုနဲ့ တစ်ညပြီးတစ်ည
တဖတ်သက်ဘ၀နဲ့ 
မိုးလင်းတဲ့ညပေါင်း
ငါစာရင်းပေါင်းကြည့်အုံးမယ်.....
ချစ်တယ်ဆိုတဲ့စကား
မင်းနားဖျားမှာ မခါးရအောင်
အကြည့်တချက်
လျှပ်တပျတ်အတွင်းမှာ
ငါ့ခံစားချက်တွေကို
ဖွေရှာပါလါးကလေး....
စာနာပါလား ကလေးရယ်........
ချစ်သူ့ အိပ်မက်
အပြင်မှာ နှင်းစက်လေးတွေက
ညလေအေးအေးလေးနဲ့
မျောပါနေတယ်
ချစ်သူရေ
ဒီညလှဖို့ ငါ့အတွက်တော့
မင်းပဲလိုတော့တယ်။
အဆုံးသတ်မယ့်နေ့
ဒီကနေ့လား မနက်ဖြန်လား
ဘယ်တော့ရောက်မှာလဲ
အဆုံးသတ်မဲ့နေ့ ...
တွေးရင်းငေးရင်း ပြေးရင်းဝေးရင်း
အဆုံးသတ်မဲ့နေ့ ...
နီးလာသလိုလို ဝေးသွားသလိုလိုနဲ့
အဆုံးသတ်မဲ့နေ့ ...
အိပ်မက်မရှိဘူး အနာဂါတ်မရှိဘူး
အဆုံးသတ်မဲ့နေ့ ...
မျှော်လင့်ချက်မရှိဘူး ပန်းတိုင်မရှိဘူး
အဆုံးသတ်မဲ့နေ့ ...
ငြိမ်းချမ်းခြင်းမရှိဘူး မငြိမ်းချမ်းခြင်းမရှိဘူး
အဆုံးသတ်မဲ့နေ့ ...
ဒီအချိန်လား ဘယ်အချိန်လဲ
အဆုံးသတ်မဲ့နေ့ ...
အားလုံးအဆုံးသတ်မဲ့နေ့ ...
ငါ့ဘ၀ အဆုံးသတ်မဲ့နေ့ .....။
Wednesday, November 25, 2009
ထာဝရထက် နင့်ကိုငါ တစ်ရက်ပိုချစ်တယ်
(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး
ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက်
တစ်သက်လုံးသူရှိနေတယ်။
(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊
လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ်
လဲလျောင်းစေတယ်။
(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့်
အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။
(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့်
ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။
ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...
(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက
ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။
နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း
ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...
(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့
ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့
ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။
(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ
လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့
လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။
မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။
(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။
နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင်
ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?
(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။
နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ
ပါဝင်နေခဲ့တယ်။
ဖတ်ဖူးတဲ့အချစ်နဲ့ ခံစားခဲ့ဖူးတဲ့အချစ်တွေပါ။ ခုတော့အချစ်က အဝေးမှာ.....
သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်!!!
တစ်စုံတစ်ယောက်ဟာ
တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို တွေးတောနေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်ကို အရမ်းဂရုစိုက်တယ်
တစ်စုံတစ်ယောက်က
သင့်ကို သိပ်လွမ်းနေတယ်
တစ်စုံတစ်ယောက်က
သင်နဲ့ စကားတွေ ပြောချင်နေတယ်
တစ်စုံတစ်ယောက်က
သင်နဲ့အတူ ရှိနေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်
တစ်စုံတစ်ယောက်က
သင်ရဲ့ အထောက်အပံ့တွေကို
ကျေးဇူးတင်နေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့လက်ကို ဆုပ်ကိုင်
ထားချင်နေတယ်
တစ်စုံတစ်ယောက်က
သင့်အတွက် အရာရာကို
အဆင်ပြေစေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ကို ပျော်ရွှင်စေချင်တယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ရဲ့ အောင်မြင်မှုတွေကို
ကျင်းပပေးနေတယ်
တစ်စုံတစ်ယေက်က
သင့်ကို လက်ဆောင်တွေ
ပေးချင်နေတယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့
မှတ်ယူနေတယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့
မျှော်လင့်နေတယ်
တစ်စုံတစ်ယောက်က
သင့်ကို ပွေ့ဖက်ချင်နေတယ်
တစ်စုံတစ်ယောက်က
သင့်ကို ချစ်နေတယ်
တစ်စုံတစ်ယောက်ဟာ
သူ့ကို လက်ဆောင်တစ်ခု
ပေးစေချင်နေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့ အားသာချက်တွေကို အားကျနေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းတွေးပြီး ပြုံးနေတယ်
တစ်စုံတစ်ယောက်က
သင်ငိုကြွေးဖို့ ပခုံးတစ်စုံ
ဖြစ်ချင်နေတယ်
တစ်စုံတစ်ယောက်က
သင်နဲ့အတူ လျှောက်လည်ပြီး
ပျော်ပျော်ရွှင်ရွှ့င် နေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ရဲ့ ကမ္ဘာကြီး ကိုစဉ်းစားနေတယ်
တစ်စုံတစ်ယေက်က
သင့်ကို ကာကွယ်ပေးချင်နေတယ်
တစ်စုံတစ်ယောက်က
သင့်ကို တစ်စုံတစ်ခု လုပ်ပေးချင်နေတယ်
တစ်စုံတစ်ယေက်က
သင့်ကို ခွင့်လွတ်စေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ရဲ့ ခွင့်လွတ်မှုတွေကို
ကျေးဇူးတင်နေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်နဲ့အတူ အတိတ်ကိုပြန်တွေးပြီး
ရယ်မောချင်နေတယ်
တစ်စုံတစ်ယောက်က
သင့်ကိုသတိရပြီး
သင့်ကို သူရှိတဲ့နေရာမှာ ရှိနေစေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ရဲ့အချစ်ဟာ ချွင်းချက်မရှိဖြစ်တယ်ဆိုတာ
သိုလိုနေတယ်
တစ်စုံတစ်ယေက်က
သင့်ရဲ့ အကြံဥာဏ်တွေလို လေးစားတယ်
တစ်စုံတစ်ယောက်က
သူဟာသင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်း
ပြောပြချင်နေတယ်
တစ်စုံတစ်ယေက်က
သင်နဲ့အတူ ရှေးဟောင်းရုပ်ရှင်ကားတွေကို
အတူကြည့်ချင်တယ်
တစ်စုံတစ်ယောက်က
သူ့ရဲ့ အိပ်မက်တွေကို သင်နဲ့အတူ ခံစားချင်တယ်
တစ်စုံတစ်ယောက်က
သင့်ကို သူ့ရင်ခွင်ထဲ ထည့်ထားချင်တယ်
တစ်စုံတစ်ယေက်ကတော့
သင့်ရင်ခွင်ထဲမှာ သူ့ကို ပွေ့ထားစေချင်တယ်
တစ်စုံတစ်ယေက်က
သင့်ရဲ့ စိတ်ဓါတ်ကို တန်းဘိုးထားတယ်
တစ်စုံတစ်ယေက်က
သင့်ကြောင့် အချိန်တွေကုန်တာကို
တားဆီးနိုင်ပါစေလို့
ဆုတောင်းနေတယ်
တစ်စုံတစ်ယေက်က
သင်နဲ့တွေ့ဖို့ စောင့်မနေချင်တော့ဘူး
တစ်စုံတစ်ယေက်က
သင်ဟာ သင်ဖြစ်နေတဲ့အတွက်ကြောင့်ကို
သင့်ကို ချစ်နေတယ်
တစ်စုံတစ်ယေက်က
သင့်ကြောင့် ခံစားနေရတယ်
တစ်စုံတစ်ယောက်က
သင့်ကို သတိရစေတဲ့ သီချင်းတစ်ပုဒ်ကို
နားဆင်နေတယ်
တစ်စုံတစ်ယောက်က
သူဟာ သင့်အတွက်အမြဲရှိနေကြောင်း
သင့်ကို သိစေချင်တယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူ့ သူငယ်ချင်းဖြစ်နေလို့
ပျော်ရွှင် ၀မ်းသာနေတယ်
တစ်စုံတစ်ယောက်ဟာ
သင့် သူငယ်ချင်း ဖြစ်ချင်နေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို
ညလုံးပေါက် တွေးနေမိတယ်
တစ်စုံတစ်ယေက်ဟာ
သင့်ကြောင့် အသက်ရှင်နေတယ်
တစ်စုံတစ်ယေက်က
သင်ဟာ ဒါတွေကို သတိပြုမိဖို့
ဆုတောင်းနေတယ်
တစ်စုံတစ်ယေက်က
သင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာ
သင့်ကို သိစေချင်နေတယ်
တစ်စုံတစ်ယေက်က
သင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့
ယုံကြည်နေတယ်
တစ်စုံတစ်ယေက်က
သင့်အနားမှာ ရှိနေချင်တယ်
တစ်စုံတစ်ယေက်ဟာ
သင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကို
လွမ်းဆွတ်နေတယ်
တစ်စုံတစ်ယေက်က
သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့
အကြံဥာဏ်တွေကို တန်ဘိုးထားတယ်
တစ်စုံတစ်ယောက်က
သင့်အပေါ်မှာ သစ္စာရှိတယ်
တစ်စုံတစ်ယေက်ကဟာ
သင့်ကို အကြွင်းမဲ့ ယုံကြည်တယ်
တစ်စုံတစ်ယေက်က
ဒီစာကို သူ့ဆီပို့စေချင်နေတယ်
တစ်စုံတစ်ယေက်က
သင့်ရဲ့ ထောက်ပံ့မှုကို လိုအပ်နေတယ်
တစ်စုံတစ်ယောက်က
သင့်ရဲ့ သစ္စာရှိမှုကို လိုအပ်နေတယ်
တစ်စုံတစ်ယေက်က
သင့်ကို သူငယ်ချင်းအဖြစ် ဆက်ရှိနေစေချင်တယ်
တစ်စုံတစ်ယေက်က
သင်ဒီစာကို ဖတ်နေချိန်မှာ ငိုကြွေးနေလိမ့်မယ်
သင့်မှာ အဲဒီ တစ်စုံတစ်ယေက် ရှိနေနိုင်သလို
သင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယေက် ဖြစ်နေနိုင်တယ်
သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်
အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------
တစ်စုံတစ်ယေက်က
သင်ဟာ ဒါတွေကို သတိပြုမိဖို့
ဆုတောင်းနေတယ်
တစ်စုံတစ်ယေက်က
သင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာ
သင့်ကို သိစေချင်နေတယ်
တစ်စုံတစ်ယေက်က
သင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့
ယုံကြည်နေတယ်
တစ်စုံတစ်ယေက်က
သင့်အနားမှာ ရှိနေချင်တယ်
တစ်စုံတစ်ယေက်ဟာ
သင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကို
လွမ်းဆွတ်နေတယ်
တစ်စုံတစ်ယေက်က
သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့
အကြံဥာဏ်တွေကို တန်ဘိုးထားတယ်
လက်ဆောင်
ဆပ်ပြာလို ဖြူလွှစေမယ့်
ပျော်စရာ ချစ်စကားလေးတွေ
ကိုယ်ပြောပြနေချင်တယ်။
မင်းညိုးနွှမ်းနေခဲ့ရင်................
နွှမ်းလျှတဲ့အပင်တောင်
လန်းထစေမဲ့ရေလို
သစ္စာတရားလေးတွေက
ကိုယ်လောင်းပေးချင်တယ်။
မင်းပူဆွေးနေခဲ့ရင်.....................
ပူပြင်းလှတဲ့နွေလမှာ
အေးမြတဲ့ ဆောင်းညရောက်သလို
ကိုယ်မေတ္တာတွေနဲ့
လွှမ်းခြုံပေးချင်တယ်။
မင်းအားငယ်နေခဲ့ရင်....................
ကြီးမားလေးလံတဲ့
အရာဝတ္တူတွေကို
အနှိမ့်မှအမြင့်ရောက်
ရွှေ့ပြောင်းနိုင်တဲ့ ၀န်ချီစက်တွေလို
ကိုယ်အကြင်နာတွေနဲ့ မြှင့်တင်ပေးချင်တယ်။
ကိုယ်တို့စိတ်နှစ်ခုပေါင်းစပ်တဲ့အခါ..............
ချစ်ခြင်းဆိုတဲ့ ခြင်းတောင်းထဲမှာ
သစ္စာ၊မေတ္တာ၊အကြင်နာနဲ့အတူ
ပျော်စရာတွေ အပြည့်ပါတဲ့
လက်ဆောင်ခြင်းလေးတစ်ခု
မင်းကိုပေးချင်တယ်...........။
Tuesday, November 24, 2009
Life
ခဏမှ ထာဝရသို့...
သက်ဝင်သွားတာ
ဘဝပါရမီလားကွယ်....။
ထာဝရချစ်ခြင်း
ရင်တွင်းဖြစ်တည်
ယုံကြည်စေချင်တယ်...။
မရှိတာသေချာခဲ့ရင်
မဖြစ်သေးတဲ့
ကိုယ်တို့ရဲ့အိမ်ထောင်ရေး
ခိုင် တကယ်လေးနက်ခဲ့ရင်...။
ကိုယ်တို့တကယ်...
လက်ထပ်ကြမယ်နော်...။
လွမ်းစိတ်ဝေေ၀ (အဝေးတစ်မြေ)
အခန်းဆက် အိပ်မက်ရှည်
စကတည်းကပါပဲ
တစ်ရက်ပြီးတစ်ရက်
မက်ခဲ့တဲ့အိပ်မက်
နေ့စဉ်ရက်ဆက်
ဆုံးတယ်ကိုမရှိဘူး.....
အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်လို
ဘယ်အချိန်ပြီးမလဲစောင့်ရင်းနဲ့
မဂ္ဂဇင်းတစ်အုပ်ပြီးတစ်အုပ်
တစ်လပြီးတစ်လအချိန်တွေကုန်ခဲ့
ဇာတ်သိမ်းခန်းက ရောက်မလာဘူး....
မပြီးဆုံးသေးဘူး
မပြည့်စုံသေးဘူး
မျှော်လင့်ချက်မကုန်သေးဘူး
လိုအပ်ချက်တွေနဲ့
အိပ်မက်ရှည်တွေများဆဲ...
အဆုံးသတ်ရောက်မှာပါ
တစ်နေ့တော့ပြည့်မှာပါ
ကိုယ့်ကိုယ်ကို အားတင်းရင်း
မျှော်လင့်ချက်တွေဆုပ်ကိုင်ရင်း
အိပ်မက်ရှည်တွေ မက်နေရင်း.....
The Question Is....
I really need you by my side.,
Through all the bad times we've been through,
I want you to know I still love you.,
With all the tears I have cried,
Just dont forget that I've tried.,
I LOVE YOU WITH ALL My HEART,
But you just seem to tear it all apart,
I want to know do you still care,
It's killing me to the point i cant bare,
I want you IN MY LIFE,
You & Me
Love is about showing you care,
but love is need to be express not by means of stupid things.
But by the way you knew it..
Love is about only one thing..
Love is...
Each and every day,
That keeps us going strong,
I love the way I keep loving,
So remember when your eyes meet mine,
And I have poured my entire soul into you,
I'm Lost In Your Dreams
အရမ်းချစ်ခဲ့ရပါတယ်....
ခြားနားခြင်း
ထာဝရအတိတ်
သိကျွမ်းပြီးရင်လဲ လူတိုင်းကို သတိရတာမဟုတ်ပါဘူး….
ဒီဘ၀မှာ ဒီနေရာလေးမှာ တွေ့ခွင့်ရခဲ့လို့ပေါ့…..
မင်းငါ့ကို ပျော်ရွှင်မှု၊ ကြည်နူးမှုတွေပေးခဲ့တယ်…..
တချိန်တည်းမှာလဲ ပူဆွေး ၀မ်းနည်းမှုတွေ ပေးခဲ့တယ်…
မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေလဲ မင်းပေးတယ်…
ငါဟာ ငါဘယ်သူပါဆိုတာကို မေ့သွားတဲ့အထိ ရင်ခုန်သံတွေကြားမှာ နစ်မြှပ်နေခဲ့တယ်….
ဒီရင်ခုန်သံက ဆက်မကြာရှည်နိုင်တော့ဘူး
ငါမင်းကို စောင့်စားဖို့မျှော်လင့်ချက်တွေကို မင်းရက်ရက်စက်စက် မင်းရိုက်ချိုးရက်တယ်…
ငါ့ကို ပျော်ရွှင်မှုပေးနိုင်တဲ့ သူသာလျှင် ငါ့ကို နာကျင်စေတာပါလား…..
မင်းရဲ့အသံတွေကို ငါမကြားရတော့ဘူး
ငါ့လက်ကို နွေးထွေးစွာ လာဆုပ်ကိုင်မဲ့ မင်းမရှိတော့ဘူး…
အချစ်တိုင်းဟာ မလှပပါဘူး…. အတိတ်တွေတိုင်းကလဲ အားလုံး ကြည်နူးစရာတွေမဟုတ်ပါဘူး…..
ငါတို့ အိုအောင်မင်းအောင်ပေါင်းမယ်ဆိုတာ မဖြစ်နိုင်တော့ပါလား
မင်းကို ချစ်ဖို့ စွန့်လွတ်ဖို့ မလွယ်ကူးပါလား
မင်းပြောတဲ့ ငါ့ကိုချစ်ပါတယ် ဆိုတာ တချိန်တုန်းက မင်းပြောခဲ့တယ်…..မင်းနုတ်ကနေထွက်တာ လွယ်ကူခဲ့ပေမဲ့ ငါမှာတော့ ငါ့ရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ ရင်းပြီးချစ်နေတာပါ……
မင်းသာငါ့ကို အချစ်စစ်နဲ့ ချစ်ခဲ့မယ်ဆိုရင် ငါကျေနပ်ပါတယ်…..
မင်းငိုရင် ငါလိုက်ငိုမယ်
မင်းမပျော်ရင် ငါကမင်းရဲ့ လူရွှင်တော်ပေါ့
မင်းအထီးကျန်နေရင် ငါအဖော်လုပ်ပေးမယ်
မင်းဝမ်းနည်းနေရင် ငါဖြည့်ဆည်းပေးမယ်
မင်းငါ့ကို အိပ်မက်မက်မိရင် ငါမင်းကို သတိရနေလို့ပါ….
မင်းငါ့ကို အများကြီးပေးဖို့ ငါမတောင်းဆိုပါဘူး
မင်းငါ့အတွက် ဆိုပြီး ကျိန်တာတွေမလိုချင်ပါဘူး
ငါတို့ရဲ့အတိတ်တွေကို မင်းမှတ်မိဖို့မလိုပါဘူး
မင်းကို သိပ်ချစ်တဲ့ ငါရှိတယ်ဆိုတာ မင်းသိရင် လုံလောက်ပါတယ်…
မင်းကို ပြုံးစေခဲ့တဲ့ နွေးထွေးမှုကို ပေးပြီး အချစ်အားလုံးနဲ့ ချစ်ခဲ့တဲ့ငါ့ကို….
ဒါဆိုရင် လုံလောက်ပါပြီ…..
Thursday, November 19, 2009
ငါ့အချစ်ရဲ့ အလွမ်းမှတ်တမ်း
ကန့်လန့်ကာဖွင့်လိုက်ကတည်းက
အလွမ်းနဲ့ စခဲ့ရတယ်.
တေးဆိုငှက်တစ်ချို့ရဲ့သာယာသံ
ရင်နံရံမှာ....
လွမ်းချင်းညည်းသလိုပဲ
နင့်ကို အမြဲသတိရတယ်.
နေထိပန်းကလေး တစ်ပွင့်
တစ်ဖျတ်ဖျတ် အားယူပွင့်ဝေနေပုံများ
ငါ့အနားမှာ နင်ရှိခဲ့တုန်းကလို
အပိုအလိုမရှိ ပြီးပြည့်စုံလွန်းပါတယ်
အဲဒီလိုနဲ့
တစ်ယောက်တည်းဆွေး
အတွေးရဲ့ခြေလှမ်းတွေက နယ်ကျွံ
အလည်လွန်ခဲ့တဲ့ နင့်အတွက်အချစ် တွေ
အိမ်ပြန်မရောက်နိုင်တော့ဘူးကွယ်.
ယဉ်ယဉ်ကလေးပါပဲ
နင့်ရဲ့ခေါင်းတစ်ချက်အရမ်းမှာ
အနာဂတ်က လမ်းပျောက်သွားခဲ့သလိုပဲ
အိပ်မက်မျက်ဝန်းမှာ
ပုလဲဥ တို့ကွန်းခိုခဲ့ပြီ....
လာခြင်းမကောင်းခဲ့တဲ့ ငါ့အချစ်တွေအတွက်
မှတ်တိုင်တစ်ခုတော့ စိုက်ထူနိုင်ကောင်းပါရဲ့ကွယ်.
စံပယ်တွေ ကြယ်လိုဝေတဲ့ည
ငါ နင့်ကိုသတိရတိုင်း
ကဗျာအပိုင်းအစတွေနဲ့ စိတ်ဖြေမယ်
ချစ်မိသူရေ
အခု........ငါ
ဘရန်ဒီတစ်ခွက်
အလွမ်းတစ်စက်
ငါ့ ရင်ဘတ်နဲ့ နင့်အကြောင်းရေးမယ်
ငါ့...နင့်...ကို...လွမ်း...တယ်
အနာဂတ်ထဲက အတိတ်ရဲ့အလွမ်း
ငါ့ အချစ်ရဲ့မှတ်တမ်းပေါ့ကွယ်.
Wednesday, November 18, 2009
အချစ် ကဗျာ
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....
တမ်းတချင်း
လမိုက်တဲ့ညတွေမှာ
ပိုးစွန်းကြူးလေးတွေကို
အဖောပြုရင်း
ချိုသာတဲ့
ချစ်သူရဲ့အသံ
ကြည်သာတဲ့
ချစ်သူရဲ့မျက်နာ
ရွှန်းလဲ့တဲ့
ချစ်သူရဲ့မျက်ဝန်း
သိမ်မွေ့တဲ့
ချစ်သူရဲ့အမူအရာ
သင်ပျံ့တဲ့
ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးတွေကို
ငါတမ်းတရင်း
လွမ်းနေရဆဲပါ
ချစ်သူရယ်.......
နှစ်သိမ့်နေမယ်...
လွမ်းသီချင်း လွမ်းစာ လွမ်းကဗျာတွေကို
တီတိုးရွတ်ဆိုနေတတ်ပြီ
လွမ်းသာလွမ်းရတယ်
ချစ်သူက ဘယ်လိုမှန်းမသိဘဝ
ငါ့ဘက်ကတော့ သေမင်းငင်အောင်
ချစ်ပြနေပေမဲ့
သူဘက်မှာတော့ ချစ်နိမိတ်မှ
ထင်ပါလေစ
ပုံမပေါ်သေးတဲ့ ချစ်သူကို
ပုံဖော်ရတာလဲ နွမ်းလျှပါပြီ
ချစ်သူရေ ငါချစ်သလောက်
မင်းချစ်စရာမလိုပါဘူး
ငါချစ်တာကို
မင်းသိရင်ပဲ ကျေနပ်ပါပြီး
ချစ်သူရယ်..........................
သူငယ်ချင်းချစ်သူ
ချစ်သူဆိုတာ
သူငယ်ချင်းထက် မနက်ရှိုင်းဘူးတဲ့လား။
ငါထင်ခဲ့တာက ၁၅၀၀ဆိုတာကအချစ်
၅၂၈ ဆိုတာကမေတ္တာ ခင်မင်မှုပေါ့ဟာ.
ခင်မင်မှုနဲ့အချစ်ကြားမှာ တံတားတစ်စင်းရှိမှန်း
ငါအစကမသိခဲ့ဘူးဟာ
နင်ပြောကြည့်ပါ။
၁၅၀၀ နဲ့၅၂၈ ကြားကကွာဟမှုအားကိုပေါ့။
နင်ပေါင်းကြည့်လေ
၁,၅,၀,၀ဆိုတဲ့ဂဏန်းတွေ
၅,၂,၈ဆိုတဲ့ဂဏန်းတွေကိုပေါ့။
နှစ်ခုစလုံးရဲ့ပေါင်းခြင်းက(၆)ပဲရတယ်
(၆)၏အဓိပ္ပါယ်က The Lovers တဲ့။
၁၅၀၀ထဲက၅၂၈ကိုနုတ်ရင်ကျတော့၉၇၂ရတယ်
သူတို့ကပေါင်းတော့၁၈တဲ့
သူက The Moon တဲ့လေ
အဓိပ္ပါယ်က စိုးရွံ့ခြင်းတဲ့လေ
သြော်………ငါအခု၅၂၈နဲ့၁၅၀၀မှားချစ်မိလို့
စိုးရွံ့နေရပြီ
ဒါတောင် နင်ကငါ့ကို Friends ပါဘဲတဲ့လား
ကျေးဇူးပြု ၍ ငါချစ်ပါရစေဟာ………………..
ရင်ခွင်ဟောင်း....
ငါကျေနပ်နေမိတယ်
နောက်ကွယ် မှာဘာတွေဖြစ်ဖြစ်
ငါခွင့်လွှတ်နေမိတယ်
ရန်ဖြစ်တိုင်းလဲ
ငါအရှုံးပေးနေမိတယ်
အရာရာ မင်းစိတ်တိုင်းကျ
ငါနေခဲ့မိတယ်..
မင်းဘာပဲလုပ်လုပ်
ငါအကောင်းမြင်ပေးနေမိတယ်
ဒီလောက်နားလည်ပေးတာ...
ငါချစ်တဲ့ အချစ်မျိုး
မြုံမှုန်လောက် ပြန်ရင်
ငါအချစ်ကို စံပြဖြစ်ထားမယ်
ဒါလဲ ငါအတွက် စိတ်ကူးလေးပါ...
ငါရင်ခွင်ကို စုံကန်
ရင်ခွင် သစ်ကိုရှာလည်း
အပြုံးလေးနဲ့ ကြိတ်ခံစားမယ်
သူပျော်ပါစေလို့ ဆုတောင်ရင်း
မပြီးဆုံးတဲ့ မနတ်ဖြန်များကို
ခေါင်းငိုက်စိုက်နဲ့
လျှောက်လှမ်းရတော့မယ်....
တကယ်လိုများ...
ရင်ခွင်သစ်မှာ မပျော်
တော်တော်ပဲ စိတ်အိုက်
သိပ်မိုက်တဲ့ အတွေးတွေ
ဝင်ခဲ့ရင်တောင်..
ထင်ရာတွေ လျှောက်မလုပ်နဲ့
ရင်ခွင်ဟောင်းစီပြန်လာခဲ့ပါ ချစ်သူရယ်...
ငါကျေနပ်တယ်
ချစ်သူတဲ့လား...
ခင်တတ်စေခဲ့သလို ကျဉ်တတ်စေခဲ့သလား။
ချစ်တတ်စေခဲ့သလို မုန်းတတ်စေခဲ့သလား။
လွမ်းတတ်စေခဲ့သလို နာကျည်းတတ်စေခဲ့သလား။
ဂရုစိုက်ခဲ့မိသလို လစ်လျူရှုခဲ့စေသလား။
ကြင်နာတတ်စေခဲ့သလို ရက်စက်တတ်စေခဲ့သလား။
ကြည်နုးစေခဲ့သလို သွေးအေးစေခဲ့သလား။
နွေးထွေးစေခဲ့သလို အေးစက်စက်ဖြစ်စေခဲ့သလား။
နှစ်သိမ့်စေတတ်သလို ခံစားစေတတ်ခဲ့သလား။
နှစ်သက်စေခဲ့သလို ပစ်ရက်စေခဲ့သလား။
မြတ်နိုးစေခဲ့သလို စွန့်ခွာစေခဲ့သလား။
သတိယနေတတ်စေခဲ့သလို မေ့လျော့စေခဲ့သလား။
မျှော်လင့်နေတတ်သလို အမှတ်တမဲ့ဖြစ်စေခဲ့သလား။
ယုယစေတတ်ခဲ့သလို ညာနေတာတွေလို့ထင်စေခဲ့သလား။
တမ်းတစေတတ်ခဲ့သလို နွမ်းလျစေတတ်ခဲ့သလား။
ပြုံးတတ်စေခဲ့သလို မဲ့တတ်စေခဲ့သလား။
ရယ်တတ်စေခဲ့သလို ငိုတတ်စေခဲ့သလား။
ပျော်ရွှင်စေတတ်သလို ၀မ်းနည်းစေတတ်ခဲ့သလား။
နားလည်စေတတ်သလို ဥပက္ခာပြုတတ်စေခဲ့သလား။
ချစ်စေ . . . မုန်းစေ . . .
ပြုံးစေ . . . မဲ့စေ . . .
ရယ်စေ . . . ငိုစေ . . .
ဆန့်ကျင်ဘက်တွေကြားမှာ
နေသားကျအောင်သင်ပေးခဲ့တဲ့ . . . ချစ်သူ . . .
မင်းပေးတဲ့ ခံစားချက်ဝေဒနာတွေကြောင့်
ပြိုခဲ့တဲ့ မျက်ဝန်းကမိုးရေစက်တွေ. . .
ခု အချိန်ဆိုတဲ့ သမားတော်ကြောင့်
သက်သာရာရခဲ့ပေမယ့်
ချစ်တဲ့စိတ်ကြောင့်
မျက်ဝန်းမှာ မပြိုတဲ့မိုး အုံ့မိုးနေသလို
ပါးပါးလေးနဲ့ ၀ါးဝါးလေးဖြစ်နေသေးတယ် . . .
နောင်တချိန်မှာ အဆွေးကမ္ဘာထဲပေမယ့်
အပြုံးတစ ချိုမြမြကိုတုံ့ပြန်ပေးနိုင်လိမ့်မယ်
. . . . .ချစ်သူ . . . .
ဒါပေမယ့်ပေါ့လေ . . . .
မြတ်နိုးစိတ် ကြီးမားလွန်းတာကြောင့်
နှလုံးသားမှာ ထုထည် ကျစ်လစ်နေတဲ့
အချစ်ဆိုတဲ့ တိမ်တိုက်ဖြူလွလွကတော့
ရွာမြဲမစဲ တသဲသဲဆိုသလို
ဆက်လက်တည်ရှိနေမှာ
မင်းသိနိုင်မှာမဟုတ်ပါဘူးလေ . . . .
အချစ်ရဲ့ ဒဏ်ချက်...
ဒါဟာ နောင်တတစ်ခုဖြစ်မှာပါ။
ချစ်သူမင်းက အချစ်တွေပေးချိန်မှာ
ငါဟန်ဆောင်ခြင်းကို သောက်သုံးလို့
ရက်စက်စွာပဲ အေးစက်နေခဲ့တယ်။
မင်းနဲ့ငါကြား အလွမ်းမြစ်ကလေး ခြားခဲ့ချိန်ပေါ့
ငါ့နှလုံးသားမှာ နောင်တဆိုတဲ့ လှိုင်းတစ်ခု
ရိုက်ခတ်ခဲ့ပြီ။
ဟန်ဆောင်ခြင်းရဲ့ ဝေဒနာကို မျိုချ
နှလုံးသားနဲ့ ဦးနှောက်အနိုင်အရှုံးမှာ
ငါရရှိခဲ့တာ ကြေကွဲခြင်းတွေ
ဘာပဲဖြစ်ဖြစ်လေ ကျေနပ်မိပါတယ်
ငါ့ဘဝ တစ်ခုလုံး စတေးလို့
နှလုံးသားတစ်ခုလုံးတောင် တစ်စစီကြွေသွားခဲ့
တမ်းတခြင်းဆိုတာ ချောက်ကမ်းပါးတစ်ခုလိုပေါ့
မင်းရဲ့ ဒဏ်ခတ်မှုမပါပဲ ရလိုက်တဲ့
ဒဏ်ချက်တွေပေါ့ ချစ်သူ......
စောင့်မျှော်နေမှာပါ ချစ်သူ...
ငါ့ရင်ထဲကဖြစ်ရပ်တွေကို
မင်းမြင်နိုင်မှာလားချစ်သူ
အတိတ်ကအကြောင်းတွေ ပြန်တွေးတိုင်း
ငိုကြွေးရင်းကျခဲ့ရတဲ့မျက်ရည်တွေရဲ့
ခံစားမှုကိုရောမင်းသိမှာလား
ရာသီတွေအလီလီပြောင်းပေမယ့်
ငါရင်ထဲမှာအချစ်တွေကတော့
ပြောင်းလဲမှာမဟုတ်ဘူး
ထာဝရမင်းအတွက်
ဖွင့်ဟထားတဲ့ဒီရင်ခွင်ထဲကို
ခိုဝင်လာမယ့် အချိန်ကိုသာ
ကြည်နူးစရာ
ပုံရိပ်လေးတွေအဖြစ်ပုံဖော်ရင်း
စောင့်မျှော်နေမှာပါချစ်သူ
ချစ်သူဆိုတာ...
စာနာမူတွေကိုတွေးတောပြီး
ဖြစ်ပြက်ခဲ့ သမျှကို ပြုပြင်
ပြသနာတိုင်းကိုညိနိုင်းရမယ်လေ။
ချစ်သူဆိုတာ
ဘာမဟုတ်တဲ့ အရာတွေကို
မင်းအတွက်ပြသနာမလုပ်ပဲ
ရှေ့ရေးကိုကြိုတွေးပြီး
ပိုလိုစိတ်မရှိအောင်ကြံဆောင်ရမှာ
ချစ်သူများရဲ့ ကံကြမာပါ။
ချစ်သူဆိုတာ
တဦးကတဦးရဲ့ ကြင်နာခဲ့ မူကို
ခေါင်းအေးအေးနဲ့ စဉ်စားပြီး
ချစ်သူတယောက်ရဲ့ ကောင်းချင်းတွေကို
တကြောင်းချင်းတွေးကြည့်စမ်ပါ
တဇြည်းဖြည်းနဲ့ တရေးရေးချင်း
နှလုံးသားထဲက အပြုံးများနဲ့ 
ခွင့် လွတ်တဲ့စိတ်တွေပေါ်လာပါလိမ့်မယ်။
တိတ်တခိုး ချစ်ရသူရယ်...
ချစ်တဲ့သူ
ချစ်သောသူ၏အပြုံး ရင်မှာရိုက်ခတ် ချစ်သွားပြီ
ချစ်သူရေ
ဘယ်ဘ၀က ချစ်ကြွေးလဲ
ချစ်သူရယ်
ကိုယ်အခုတော့ ကျေနပ်စွာနှင့် ဆပ် ပါရစေ
ချစ်သူရယ်
ကိုယ့် အချစ်ကိုသာ ယူဘာ
ချစ်သူရေ
ဒါပေမဲ့ တဖက်သတ် အချစ်ကြောင့်မ၀ံ့မရဲစွာနဲ့ ဘဲ တိတ်တခိုးချစ်သွားမယ်
ချစ်တဲ့သူရှေ့မှာ...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော
့ ပျော်နေတယ်လို့  ခံစားရတယ်။
ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့ ဆောင်းရာသီဟာ လှပတဲ့ဆောင်းရာသီပါပဲ။
ိချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်..
ီဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးထဲကြည့်လိုက်တော့ ပြုံးပြဖြစ်တယ်။
ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။
ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှန်းတန့်  ဖြစ်လေ့ရှိတယ်..
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျတော့ ကိုယ့်ပင်ကိုအတိုင်း နေပြတတ်တယ်။
ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးကိုကျတော့ အမြဲတမ်းပြုံးပြနိုင်တယ်။
ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့အခါကျတော့ သူ့ ကိုနှစ်သိမ့်အငိုတိတ်စေတယ်။
ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျတော့ နားအကြားကစတယ်။
ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှာ....
အဝေးရောက်အလွမ်း ....
အဝေးမှာ...
လွမ်းဆွတ်မှုများနဲ့ ရင်နင့်နေသူတစ်ယောက်
ထွက်ခွာတော့မယ် ရထားဥသြသံလေးရယ်
လက်ပြရင်း ကျန်နေရစ်ခဲ့တဲ့
ချစ်သူရဲ့ မျက်ဝန်းပေါ်က
ပြိုတော့မယ့် မိုးလေးရယ်...
အကြိမ်ကြိမ် ပြန်တွေးမိတိုင်း
မေ့မရအောင် လွမ်းတယ်။
တစ်ယောက်တည်း ဖြတ်သန်းရတဲ့နေ့တွေ
အိပ်မက်ရှည်များနဲ့ ညတွေမှာ
အဖော်မဲ့ ယောင်ချာချာ
အလွမ်းဆိုတာ
အဝေးရောက်နေသူအဖို့
ရိုးရာတေးတစ်ပုဒ်ပါ ချစ်သူ
ဘယ်အချိန် ဘယ်အခါမှာ
ချစ်သူနဲ့ နီးရဖို့ မသိနိုင်သူတစ်ယောက်
အဝေးမှာ....
အလွမ်းများနဲ့ နစ်မွန်းနေ...။
ဆုမွန်ကောင်း...
မင်းမရှိတဲ့အချိန်က စလို့
ကြင်နာမှုတွေ ဆုံးရှုံးခဲ့ပြီ
မင်းမရှိတဲ့အချိန်က စလို့
မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ပြီ
မင်းမရှိတဲ့အချိန်က စလို့
ဒဏ်ရာတွေ ဗလပွ
နှလုံးသားတစ်ခု စတင်ခဲ့ပြီ
ချစ်သူရေ
မင်းအတွက် ကောင်းမွန်တဲ့ဘုံတစ်ခု
စတင်ပါစေလို့ ဆုတောင်းမှုတစ်ခု စတင်ခဲ့ပြီ
သူငယ်ချင်းကောင်းဆိုတာ....
သင့်ကိုအရှိအတိုင်းလက်ခံသူ
B - Believes in ''you'' .
သင့်ကိုယုံကြည်သူ
C - Calls you just to say ''HI'' .
"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ
D - Doesn't give up on you.
သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ
E - Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ
F - Forgives your mistakes.
သင့်အမှားများကို ခွင့်လွှတ်တတ်သူ
G - Gives unconditionally.
ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ
H - Helps you.
ကူညီဖေးမသူ
I - Invites you over.
နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ
J - Just ''be'' with you.
သင်နှင့်အတူရှိနေတာကို ကျေနပ်သူ
K - Keeps you close at heart.
လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ
L - Loves you for who you are.
ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ
M - Makes a difference in your life.
သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ
N - Never judges.
အပြစ်တင်ဝေဖန်ခြင်းမပြုသူ
O - Offer support.
သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ
P - Picks you up.
ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ
Q - Quiets you fears.
ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ
R - Raises your spirits.
စိက်ဓာတ်မြှင့်ပေးသူ
S - Says nice things about you.
သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ
T - Tells you truth when you need to hear it.
သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ
U - Understand you.
သင့်ကိုနားလည်သူ
V - Values you.
သင့်ကိုတန်ဖိုးထားသူ
W - Walks beside you.
သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ
X - Xplains thing you don't understand.
သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ
Y - Yells when you won't listen.
သူ့စကားကိုနားမထောင်ပါက အော်တတ်သူ
Z - Zaps you back to reality.
သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ
ဒဏ်ရာ
အစ နှင့် အဆုံး..
မသိခင်က
လှောင်လို့ပျော်လို့
ကောင်းခဲ့တယ်....။
ကိုယ်တိုင်ကြုံမှ
သိခဲ့ရတယ်
သိပ်ချစ်လွန်းလို့
ရူးခဲ့တယ်.........။
ရူးနေတဲ့ငါ
ဇွတ်ဝင်ရောတော့
သူ့အမုန်းပဲ
ရခဲ့တယ်..........။
ဒါလည်းမမှတ်
ထပ်ပတ်သက်တော့
အသည်းဟတ်တက်
ကွဲခဲ့တယ်.........။
ချစ်အဆိပ်တတ်
လွမ်းနှိပ်စက်လို့
ငါ့ က မ္ဘာလည်း
ပြိုခဲ့တယ်.........။
အသည်းအသက်
ငါ့အိပ်မက်လည်း
သံပါတ်ကုန်လို့
ရပ်ခဲ့တယ်............။
ချစ်သူအမုန်း
တစ်သက်လုံးကို
မြတ်မြတ်နိုးနိုး
....................
....................
........သိမ်းထားမယ်...။
What Bible has to say about "Love"..
Let us not love with words or tongue.
But with actions and in truth.
Love bears all things,
Believes all things,
Hopes all things,
Endures all things.
Love never ends.
For where your treasure is,
there your heart will be also.
This is my beloved,
And this is my friend.
May the Lord make your love increase,
and overflow for each other
and for everyone else.
If I cannot love,
I am nothing.
There are three things that remain: faith, hope, and love.
And the greatest of these is love.
I found the one my heart loves.
My beloved is mine
and I am His.
Love is patient.
Love is kind.
It does not envy.
It does not boast.
It is not proud.
It is not rude.
It is not self-seeking.
It is not easily angered.
It keeps no record of wrong doing.
It does not delight in evil,
but rejoices in the truth.
It always protects, trusts,
hopes, perseveres.
အရမ်းကောင်းတဲ့ စာသားလေးတွေပါ...
A man should not sleep on silk till he has walked on sand.
သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။
Rich miser is poorer than a poorer than a poor man.
ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။
Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။
When you shoot the arrow of truth, just dip its point in honey.
အမှန်တရားတည်းဟူသောမြားတံကို ပစ်သောအခါ မြားထိပ်ကို ပျားရည်ထဲဦးစွာနှစ်ပါ။
A man isn't poor if he can still laugh.
လူတစ်ဦးသည်ရယ်မောနိုင်သရွေ့ မဆင်းရဲ သေးပါ။
Success comes in Cans; not in cant's.
အောင်မြင်မူသည် လုပ်နိုင်သူများအတွက် သာဖြစ်သည်။မလုပ်နိုင်သူများအတွက် မဟုတ်။
No burden is too heavy if it is carried with love.
မေတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့် ၀န်ထုပ်ဝန်ပိုးမျှ မလေးလံပါ။
Don't be afraid of moving slowly; be afraid of standing still.
နှေးနှေးကွေးကွေး ရွေ့လျားခြင်းကိုမစိုးရိမ်ပါနှင့်။မရွေ့မလျားဘဲနေခြင်းကိုစိုးရိမ်ပါ။
You don't know where you are going if you are always looking back.
သင်သည်နေက်သို့တစ်ချိန်လုံးပြန်လှည့်ကြည့်နေလျှင် သင်သွားသည် နေသည့်ခရီးကို မသိနိုင်ပါ။
Happiness is found along the way; not at the end of the journey.
ပျော်ရွှင်ခြင်းကိုလမ်းခရီးတစ်လျှောက်တွင်တွေ့ရသည်။ခရီးဆုံးတွင်တွေ့ရသည်မဟုတ်။
We can only appreciate the miracle of sunrise if we have waited in darkness.
ကျွန်ုပ်တို့သည်အရုဏ်ဦးနေထွက်ခြင်းကိ၏အံ့ဖွယ်ကိုအမှောင်ထဲစောင့်ဆိုင်းခဲ့မှသာ ခံစားနိုင်သည်။
Even if you're on the right track, you'll get run over if you just sit there.
သင်လမ်းမှန်နေလျှင်ပင်ဖြစ်စေထိုနေရာတွင်သာ ထိုင်နေပါက ကားတက်ကြိတ်ခြင်းခံရလိမ့်မည်။
He who does not hope to win, has already lost.
အောင်မြင်ရန်မျှော်လင့်ထားခြင်းမရှိသောသူသည် ရူံနိမ့်နှင့်ပြီးဖြစ်သည်။
You can give without loving, but you cannot love without giving.
သင်သည်မေတ္တာမထားပဲပေးကမ်းနိုင်သည်။သို့သော် မပေးကမ်းဘဲမေတ္တာမထားနိုင်။
No one knows the weight of another's burden.
သူတစ်ပါး၏၀န်ထုပ်ဝန်ပိုးအလေးကို မည်သူမျှ မသိရှိပါ။
The time of failure is the best time for sowing the seeds of success.
ကျရူံးသောအချိန်သည်အောင်မြင်မူမျိုးစေ့စိုက်ပျိုးရန်အကောင်းဆုံးအချိန်ဖြစ်သည်။
Wear smile and have friends; wear a frown and have wrinkles.
ပြုံးရယ်ခြင်းဖြင့်မိတ်ဆွေပွားပါ။မျက်မှောင်ကျုံ့ခြင်းဖြင့်ပါးရေးတွန့်ရာများပွားပါ။
A CANDLE, BY CONSUMING ITSELF, GIVES LIGHT TO TOHERS.
ဖယောင်းတိုင်သည်မိမိကိုယ်မိမိ လောင်ကျွမ်းခြင်းဖြင့် အခြားသူတို့အားအလင်းရောင်ပေးသည်။
Sunday, November 8, 2009
ကုသနိုင်သော ရောဂါ
“အိုကေ၊ ကျွန်တော်ပြောတဲ့အတိုင်း ခင်ဗျားလိုက်လုပ်စေချင်တယ်” ဟု တတိယအကြိမ်လာပြရာတွင် ဆရာဝန်က ပြောသည်။
“အိမ်ပြန်ပြီး ရေနွေးပူပူနဲ့ ရေချိုး။ အဲဒီ့နောက်မှာ ပြတင်းပေါက်တွေ အားလုံးဖွင့်ထားပြီး လေညင်းခံ ရပ်နေလိုက်”
“ဒါဆို ကျွန်တော် အဆုတ်ရောင် ရောဂါရသွားမှာပေါ့..” ဟု လူနာက သဘောမတူကြောင်း ပြော၏။
“ကျွန်တော်သိတယ်။ အဲဒါကို ကျုပ်ကုနိုင်တယ်ဗျ” ဟု ဆရာဝန်က ပြန်ပြောလေ၏။
Tie of Love
and me firm for ever
I never forsake you
you also never depart from me
Living together for our life-time
My Dear Love
Compassion grows and develops
As time rolled by slowly
Our loving-kindness is steadfast
As long as the world exists
Oh! Dear Love...
မျှော်လင့်ချက်...
တစ်သက်တာ မေ့မရနိုင်ပါ။
ခဏတာ ခွဲခွာရတာ
တစ်သက်တာ တွေ့ဆုံနိုင်ဖို့
မျှော်လင့်ပါတယ်....။
ဝက်ဝံလေးအတွက်ကတော့ သူငယ်ချင်းပဲတဲ့
သူက “ကစားစရာ တစ်ခုခု ရှိရင် ကောင်းမှာပဲ” လို့ ပြောရင်းမှာပဲ တုတ်တစ်ချောင်းက အနားကို မျောပါလာတယ်...။
ဝက်ဝံကလေးက တုတ်ကို ပင်လယ်ထဲမှ ဆယ်ယူလိုက်တယ်လေ...။ တုတ်တစ်ချောင်းနဲ့ သဲပေါ်မှာ အရုပ်ဆွဲတယ်လေ..။
ကြာလာတော့ ငြီးငွေ့လာရော..။ အဲဒါနဲ့ သူက “တစ်ခြားကစားစရာ တစ်ခုခုရရင် ကောင်းမှာပဲ..” လို့ ပြောရင်းပဲ ပုလင်းတစ်လုံးက အနားကို မျောလာပြန်တယ်..။ ၀က်ဝံကလေးက ဆယ်ယူလိုက်ပြန်တယ်..။ ပုလင်းထဲ ရေဖြည့်ပြီး သဲပေါ်ကို သွန်တယ်။ “ပုလင်းထဲကို ရေလောင်းထည့်ဖို့ ခွက်တစ်လုံးလိုချင်လိုက်တာ..” လို့ ပြောပြန်ရော။ အစက်အပြောက်တွေပါတဲ့ အရာတစ်ခုက သူ့အနားကို မျောလာပြန်တယ်..။ သူက “ခွက်လည်း မဟုတ်ဘူး၊ သစ်သားမြင်းရုပ်လေးပါလား” လို့ပြောတယ်..။ အဲဒါနဲ့ သူတို့ အတူတူ ကစားကြတယ်..၊ အရမ်း ပျော်ရွှင်ကြတယ်လေ..။ သူတို့ တစ်နေကုန်ကစားကြရင်း အုန်းပင်အမြင့်ကြီးရဲ့ အောက်မှာ အိပ်ပျော်သွားကြတယ်..။
မနက်ရောက်တော့ ၀က်ဝံကလေး နိုးလာတယ်။ မျက်လုံးပွတ်ကြည့်လိုက်တော့ အရာလေးတွေ အများကြီး ရေထဲမှာ ပေါလောမျောပါလာတယ်..။ သူ့တုတ်ချောင်းနဲ့ ဆယ်နိုင်သလောက် ဆယ်ပြီး ကျွန်းလေးပေါ်မှာ ပုံထားလိုက်တယ်...။ အဲဒါနဲ့ “ငါခွက်တစ်လုံး လိုချင်သေးတယ်...” လို့ ပြောပြန်တယ်...။ ကျွန်းပေါ်မှာ ဆယ်ထားတဲ့ အရာတွေနဲ့ ပြည့်နေလို့ နေစရာ နေရာတောင် မကျန်တော့ဘူးလေ..။ သစ်သားမြင်းရုပ်ကလေးကို “မင်းက ဟိုပေါ်မှာ တက်နေကွာ” ဆိုပြီး ၀က်ဝံကလေးက ခွက်ကလေးတစ်လုံးမျောလာတာကို တွေ့တော့ ဆယ်လိုက်တယ်လေ...။ ခွက်ကို နေရာပေးလိုက်တော့ ကျွန်းပေါ်မှာ နေနေတဲ့ သစ်သားမြင်းရုပ်ကလေးက ပင်လယ်ထဲကို ကျပြီး မျောပါသွားတယ်လေ...။
ဝက်ဝံလေးက သစ်သားမြင်းရုပ်ကလေး ရေထဲကျသွားတာကို မသိဘဲ ပုလင်းနဲ့ ခွက်ကိုပဲ ကိုင်ပြီး ကစားနေတယ်လေ။ နောက်ပြီးတော့မှ “ငါ့ကို ကြည့်စမ်း” လို့ ပြောတဲ့ အချိန်မှာ ပြန်ဖြေမယ့်သူ မရှိတော့ဘူး..။ သူမော့ကြည့်တယ်..။ တစ်ကျွန်းလုံးကို ပတ်ပြီး လျှောက်ကြည့်တယ်။ မတွေ့တော့ “မင်းဘယ်မှာလဲ၊ မင်းကို လိုအပ်တယ်...” လို့ လိုက်ရှာတယ်။ ဒါပေမယ့်လည်း ဘယ်သူမှ ပြန်မဖြေကြဘူး..။
အဲဒါနဲ့ “ငါသူငယ်ချင်းကိုပဲ လိုချင်တယ်...၊ ခွက်ကို မလိုချင်ဘူး...” ဆိုပြီး သူ့ယူထားတဲ့ အရာတွေအားလုံးကို ပင်လယ်ထဲကို ပြန်ပစ်ချလိုက်တယ်..။ သူအုန်းပင်အမြင့်ကြီး အောက်မှာ ထိုင်ပြီး စတင်ငိုကြွေးမိတယ်....။ အဲဒီ့နောက်မှာမှ အစက်အပြောက်တွေပါတဲ့ အရာတစ်ခုက အနားကို မျောလာတယ်..။ သူပြေးသွားပြီး ပင်လယ်ထဲက ဆယ်ယူလိုက်တယ်..။ အဲဒီ့တော့မှ “ငါမင်းကိုပဲ လိုအပ်တာပါ၊ မြင်းရုပ်ကလေးရယ်...” ဆိုပြီး သူတို့ နှစ်ဦးဟာ ပျော်လွန်းလို့ သဲသောင်ပေါ်မှာ က နေကြပါတော့တယ်...။ ။ ။
Saturday, November 7, 2009
အချစ် (သို့) ဘ၀ရဲ့ အလင်း
အထာမနှပ်ဘဲ သင်ယူချင်မိတဲ့ ငါ့ကို
အပြစ်မယူနဲ့ ချစ်သူ . . . ။
အစကိုက မလှပတဲ့ ငါ့ဘ၀က
နွေညတစ်ည ကြွေကျခဲ့
အလင်းပျောက်ကြယ်ပါ . . . ။
မှောင်မိုက်လို့ အေးချမ်းတဲ့
ငါ့ဘ၀ညတွေမှာ
အလင်းရောင်ပေးတဲ့
လမင်းကလေး မင်းဖြစ်ရင်
တစ်ခြမ်းပဲ လင်းစေဦးတော့
ကျေနပ်မယ် . . . ။