Wednesday, November 18, 2009

အချစ် ကဗျာ

နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....

16 comments:

  1. ကဗျာလေးကကြိုက်တယ်ဗျာ
    ဖတ်လို့ကောင်းနေတယ်

    ReplyDelete
  2. ခံစားချက်နဲ့တိုက်ဆိုင်ပါတယ်

    ReplyDelete
  3. သိပ်​ကောင်းတဲ့ကဗျာလေး

    ReplyDelete
    Replies
    1. အရမ်း​ကောင်းတယ်

      Delete
  4. ကဗျာလေးကအရမ်းထိတယ်

    ReplyDelete
    Replies
    1. အရမ်းထိတယ်

      Delete
    2. အရမ်း​ကောင်းတယ်​ဗျာ

      Delete
    3. အရမ်း​ကောင်းတယ်​ဗျာ

      Delete
  5. အရမ်းကောင်းတယ်ဗျာ

    ReplyDelete
  6. အရမ်းပဲ ကောင်းတယ်

    ReplyDelete
  7. အား​ပေး​နေတယ်
    ထပ်​​ရေးပါအုံး

    ReplyDelete